Monday, February 1, 2010

Jeon Ji-hyeon နဲ့တရုတ်မင်းသမီး Zhang Ziyi

Jeon Ji-hyeon နဲ့တရုတ်မင်းသမီး Zhang Ziyi
မင်းသမီး Jeon Ji-hyeon ဟာ နာမည်ကြီး တရုတ် မင်းသမီး Zhang Ziyi နဲ့ တွဲပြီး Snow Flower and the Secret Fan အမည် ရှိတဲ့ ရုပ်ရှင်ကား ရိုက်တော့ မှာဖြစ် ပါတယ်။
ဒီရုပ်ရှင် ကားဟာ အင်္ဂလိပ် စကားပြော ရုပ်ရှင် ဖြစ်ပြီး ဒါရိုက်တာ Wayne Wang မှ ဦးစီး ရိုက်ကူး မှာဖြစ် ပါတယ်။

Lee Da-hae ရဲ့ဇာတ်လမ်းတွဲအသစ်

Lee Da-hae ရဲ့ဇာတ်လမ်းတွဲအသစ်
Lee Da-hae ရဲ့ ဇာတ်လမ်းတွဲ အသစ် The Slave Hunters - KBS2 (ရာဇဝင် ဇာတ်လမ်း) ဟာ ကိုးရီးယား မှာ စတင် ပြသ နေပြီး ဖြစ် ပါတယ်။
ပထမ အပတ် ပြသ ခဲ့ရာမှာ rating 24.8 percent ရလို့၊ အလားအလာ ရှိတဲ့ ဇာတ်လမ်းတွဲ ဖြစ်မယ်လို့ တစ်ပေး နေကြ ပါတယ်။

ခေတ်သစ်မင်းကုသနဲ့ပပဝတီ


ခေတ်သစ်မင်းကုသနဲ့ပပဝတီ
မင်းသမီး Kim Hye-soo ဟာ ဇာတ်ပို့ မင်းသား တစ်ဦး ဖြစ်သူ မင်းသား Yoo Hae-jin နဲ့ တွဲနေပြီး ဆိုတာ ဝန်ခံလိုက် ပါတယ်။
ပရိသတ် များက မင်းသမီး နဲ့ မင်းသား တို့ကို congratulate လုပ်ခဲ့ ကြ ပါတယ်။ သို့သော် အတွေး တစ်ခု တော့ ဝင်နေကြ ပါတယ်။

ချက်ပြုတ်နည်းစာအုပ်ထုတ်တဲ့မင်းသား


ချက်ပြုတ်နည်းစာအုပ်ထုတ်တဲ့မင်းသား
မင်းသား Lee Hyeon-woo ဟာ Happy Recipes of Happy Dad Lee Hyeon-woo လို့ အမည် ပေးထားတဲ့ cookbook တစ်အုပ်ကို ထုတ်ဝေခဲ့ ပါတတ်။ သူ့ဇနီး ကိုယ်ဝန် ရှိစဉ်က ချက်ကျွေး ခဲ့တဲ့ ဟင်းအမယ် အများ အပြား ပါတယ်လို့သီရပါတယ်။

Jang Dong-gun နဲ့ Ko So-young တို့ပြန်လာကြပြီး


Jang Dong-gun နဲ့ Ko So-young တို့ပြန်လာကြပြီး
မင်းသား Jang Dong-gun နဲ့ မင်းမီး Ko So-young တို့ အတွဲဟာ USA မှာ သွားရောက် အပန်းဖြေ ပြီး မကြာမှီ က ကိုးရီးယား ကို ပြန်ရောက် လာကြ ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူများ ဖြစ်ကြောင်းကို နိုဝင်ဘာလ က ဝန်ခံ ခဲ့ကြပါတယ်။

Lee Min-ho ဇာတ်လမ်းတွဲအသစ်ရိုက်တော့မည်


Lee Min-ho ဇာတ်လမ်းတွဲအသစ်ရိုက်တော့မည်
F4 မင်းသား Lee Min-ho ဟာ MBC က ရိုက်မည့် Personal Taste လို့ အမည် ရှိတဲ့ TV ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။

မင်းသားကိုတရားစွဲမည်

မင်းသားကိုတရားစွဲမည်
မင်းသား Kang Ji-hwan ရဲ့ agency ဟောင်းက မင်းသားကို တရား စွဲဖို့ ဆောင်ရွက် နေပါတယ်။
မင်းသား ဟာ မကြာမှီ က S Plus Entertainment ဆိုတဲ့ agency အသစ်နဲ့ စာချုပ် အသစ် ချုပ်ဆို ခဲ့ ပါတယ်။ ဒါပေမဲ့ agency အဟောင်းနဲ့ ချုပ်ထားတဲ့ စာချုပ် အဟောင်းက ပြီးဖို့ ရှစ်လ ကျန်နေ သေးတယ် လို့ သိရ ပါတယ်။

Bae Yong-joon ၏ဇာတ်လမ်းတွဲအသစ်ဖျက်သိမ်းခြင်း


Bae Yong-joon ၏ဇာတ်လမ်းတွဲအသစ်ဖျက်သိမ်းခြင်း
မင်းသား Bae Yong-joon နဲ့ ရိုက်ကူးရန် စီစဉ် ထားတဲ့ Drops of God အမည် ရှိ ဇာတ်လမ်းတွဲ ကို ဖျက်သိမ်း လိုက်တယ် လို့ သိရ ပါတယ်။
ထုတ်လုပ် သူများ ဘက်က ဥပဒေ ပိုင်းဆိုင်ရာ အခက် အခဲများ ရှိနေလို့ ဖျက်သိမ်း ခဲ့ရတာ လို့ သိရ ပါတယ်။

Wonder Girls တိုင်ထိပ်ရောက်သွားပြီး


Wonder Girls တိုင်ထိပ်ရောက်သွားပြီး
Wonder Girls အဆို အဖွဲ့ရဲ့ Nobody အမည် ရှိတဲ့ သီချင်းဟာ USA. Billboard aggregate 2009 Hot Single Sales of the Year Chart ရဲ့ #1 နေရာကိုရောက်ရှိ သွား ပါတယ်။
Pretty Wings (by Maxwell) က #2 နဲ့ Upset (by Mariah Carey) #3 ရရှိ ကြတယ် လို့ သိရ ပါတယ်။
Wonder Girls အဆို အဖွဲ့ရဲ့ Nobody သီချင်း ဟာ North America တိုက်ရဲ့ ၂၀၀၉ ခုနှစ် မှာ အရောင်း ရဆုံး သီချင်းလည်း ဖြစ်ခဲ့ ပါတယ်။
၂၀၀၉ အောက်ကိုဘာ က USA Billboard Hot 100 ရဲ့ #76 နေရာကို Wonder Girls အဆို အဖွဲ့ စတင် ရရှိခဲ့ ပါတယ်။